HAPPY HOME PHOTOGRAPHY – NOTE ( 10 )
What is Reciprocal Rule in Photography
ဓါတ်ပုံအရာတွင် အပြန်အလှန်သက်ရောက်ခြင်း ဥပဒေသ ဆိုသည်မှာ
ကင်မရာကို Tripod မပါပဲ Hand-Held လို့ခေါ်တဲ့ လက်နဲ့ကိုင်တွယ်ပြီးရိုက်ကူးကျတဲ့အခါမှာ ဓါတ်ပုံ သမားတွေအတွက် အကြီးမားဆုံးစိန်ခေါ်မှုတစ်ခုကတော့ ပြတ်သားတဲ့ပုံတစ်ပုံ ရဖို့ ကြိုးစား ရခြင်း ပဲ ဖြစ်ပါတယ်။ ပုံရိပ်ဝါးသွားဖို့ အတွက် အဓိကအကြောင်းတရားတစ်ခုကလဲ ကင်မရာ လှုပ်ရှား မှုကြောင့် ဖြစ်နေပါတယ်။ ကင်မရာလှုပ် ရှားမှုအကြောင်းတစ်ရာတွေကလဲ အများ ကြီးရှိပါတယ်။ အခုဆွေနွေးမှာ ကတော့ မိတ်ဆွေအနေနဲ့ ကင်မရာကိုလက်နဲ့ကိုင်ပြီး ရိုက်ကူး တဲ့အခါမှာ လက်ခံနိုင်လောက်တဲ့ Shutter Speed ထက်လျော့ပြီး ရိုက်ကူးမိတဲ့အခါ ကင်မရာ လှုပ်ရှားမှုကြောင့် ပုံရိပ်ဝါးသွားနိုင်တဲ့ အကြောင်းပါ။ ဒါကလဲ အများအားဖြင့် ဖြစ်လေ့ဖြစ်ထရှိတတ်တဲ့ ပုံရိပ်ဝါးရခြင်းရဲ့ အကြောင်း ပဲ ဖြစ်နေ လို့ပါ။ အခုတင်ပြ ဆွေးနွေးသွားမယ့် Reciprocal Rule လို့ခေါ်တဲ့ အပြန်အလှန်သက်ရောက်ခြင်း ဥပဒေသ က မိတ်ဆွေအနေနဲ့ Tripod မပါ တဲ့အခါမျိုးမှာ ကောင်းမွန်တဲ့ ပုံရိပ်တွေကို ရရှိစေဖို့ အထောက်အကူ ဖြစ်စေမှာပါ။
Reciprocal Rule ကိုအသုံးပြုပြီး Hand-Held ရိုက်ကူးထားသော ဓါတ်ပုံ
What
is Reciprocal Rule in Photography?
ဓါတ်ပုံအရာတွင် အပြန်အလှန်သက်ရောက်ခြင်း ဥပဒေသ ဆိုတာဘာလဲ…
ဓါတ်ပုံဆရာတစ်ယောက်အနေနဲ့
Tripod မပါပဲ ဓါတ်ပုံရိုက်ကူးရာမှာ ကင်မရာကို လုံး၀ကြီး ငြိမ်သက် နေအောင်ကိုင်ထားဖို့ဆိုတာ
မလွယ်လှပါဘူး။ ကိုယ်လှုပ်ရှားမှု့ကြောင့် ကင်မရာကိုလဲ လှုပ်ရှား မှုဖြစ် စေမှာပါ။ လှုပ်ရှားမှုလေးကမသိသာလှဘူးဆိုပေမယ့်လဲ
မိတ်ဆွေရဲ့ ဓါတ်ပုံကိုတော့ ဝါးသွားစေ နိုင် ပါတယ်။ Reciprocal
Rule ဆိုတာကတော့ အခြေခံအားဖြင့် မိတ်ဆွေရဲ့ Shutter Speed ဟာ မိတ်ဆွေ အသုံးပြုရိုက်ကူးမယ့် Lens ရဲ့ သက်ရောက်မယ့်
Effecitive Focal Length ထိတော့ အနည်းဆုံးအ နေ နဲ့ ရှိနေရမယ်လို့ ဆိုလိုပါတယ်။ ဆိုလိုတာက ဥပမာ မိတ်ဆွေဟာ NIKKOR 80-400mm f/4.5-5.6G
ED VR Lens ကို Nikon D750 လို Full Frame ကင်မရာ မှာ တပ်ပြီး ရိုက်မယ်ဆိုပါစို့။ မိတ်ဆွေက Focal Length 80mm မှာထားပြီးရိုက်ကူးမယ်ဆိုရင် မိတ်ဆွေရဲ့ Shutter Speed ဟာ အနည်းဆုံး 1/80S ရှိရပါမယ်။ မိတ်ဆွေက Focal Length ကို 400mm ထိတိုးမြင့်ပြီးရိုက်ကူးတော့မယ် ဆိုရင်တော့ Shutter Speed ဟာ အနည်းဆုံး 1/400 S လိုလာမှာဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ Focal Length နဲ့ ကင်မရာလှုပ်ရှားမှုဟာ တိုက်ရိုက်ဆက်နွယ်နေလို့ပဲဖြစ်ပါတယ်။ Focal Length ရှည်လေ (များလေ) လှုပ်ရှားမှုကပိုများလေပါပဲ။ မိတ်ဆွေအနေနဲ့Telephoto Lens တွေမှာ View Finder မှာ ကြည့် တဲ့အချိန်မှာတင် Focal Length အရှည် (အများ) တွေမှာ မြင်ကွင်း မတည်ငြိမ်ပဲလှုပ်ရှား နေတာက Focal Length အတို (အနဲ) တွေမှာထက် သိသာစွာပိုများနေတာကို မြင်တွေကြုံဖူးမှာပါ။
အထက်ကပုံမှာ
အနီအစက်အစက်တွေနဲ့ပြထားတာက ကင်မရာလှုပ်ရှားမှု ဖြစ်နိုင်တဲ့ ပမာဏပါ။ အဲတော့ ဒီပုံကိုကြည့်မယ်ဆိုရင်
Focal Length ရှည်လာ(များလာ)တာနဲ့အမျှ ကင်မရာလှုပ်ရှားမှု ဖြစ်နိုင်ချေပမာဏ သိသာစွာများလာတာကိုတွေ့မြင်နိုင်ပါတယ်။
Camera Shake Blur is Not Motion
Blur
ကင်မရာလှုပ်ရှားမှုကြောင့်ပုံဝါးခြင်းဟာ၊ Motion Blur မဟုတ်ပါ
ကင်မရာလှု်ပရှားမှုကြောင့်ဖြစ်တဲ့ပုံရိပ်ဝါးခြင်းဟာ
Motion Blur လို့ခေါ်တဲ့ Subject လှုပ်ရှားမှုကြောင့် (Subject ဟာ ကိုယ် Set လုပ်ထားတဲ့
Shutter Speed ထက်မြန်နေတဲ့ခါ) ဖြစ်ပေါ်တဲ့ ပုံရိပ်ဝါးတာနဲ့ မတူပါဘူး။ Camera
Shake Blur မှာ ပုံတစ်ခုလုံးဝါးသွားမှာဖြစ်ပေမယ့် Motion Blur မှာတော့ လှုပ်ရှားသွားတဲ့
Subject တစ်ခုလုံး ဒါမှမဟုတ်တစ်စိတ်တစ်ပိုင်းသာ ဝါးမှာဖြစ်ပြီး ကျန် တည်ငြိမ်နေတဲ့
အရာအားလုံးက ပြတ်သားနေမှာပါ။ Reciprocal
Rule ဆိုတာကလဲ ကင်မရာကိုလက်နဲ့ကိုင်ပြီး ရိုက်ကူး တဲ့အခါမျိုးကျမှသာ အသုံးပြုတာပါ။
မိတ်ဆွေအနေနဲ့ ကင်မရာကို Tripod တို့လိုတည်ငြိမ် နေတဲ့ အရာပေါ်မှာတည်ပြီးရိုက်ကူးတဲ့
အခါမှာ အဲလောက်မြန်တဲ့ Shutter Speed မျိုးကို သုံးစရာ မလိုပါဘူး။
Effective
Focal Length
သက်ရောက်မယ့်
Effecitive Focla Length
အပေါ်မှာ
Reciprocal Rule ဆိုတာဘာလဲပြောခဲ့တုန်းက “ Effective Focal Length” လို့သုံးခဲ့ပြီး Full Frame ကင်မရာနဲ့
နမူနာပေးခဲ့တာကို သတိရမယ်ထင်ပါတယ်။ မိတ်ဆွေရဲ့ ကင်မရာက 35mm/Full Frame
Sensor ထက်ငယ်တဲ့ Sensor ကိုအသုံးပြုထားတဲ့ကင်မရာဆိုရင် ( Entry Level DSLR အများစု
နဲ့ Mirrorless ကင်မရာအများစုမှာ Full Frame ထက်ပိုသေးတဲ့ Sensor ကိုအသုံးပြု ထား ပါတယ်)
မိတ်ဆွေအနေနဲ့ ဒီ Effective Focal Length ဆိုတဲ့ သက်ရောက်မယ့် Focal Length ကို အရင်သိထား
ဖို့လိုပါမယ်။ “Equivalent Field of View” မြင်ကွင်းဧရိယာတူညီမှု လို့လဲ လူသိများပါတယ်။
မိတ်ဆွေ ကင်မရာမှာပါတဲ့ Crop Factor နဲ့မိတ်ဆွေအသုံးပြုမယ့် Focal Length ကို မြောက်ပေးရပါမယ်။ ဆိုလိုတာက အပေါ်မှာဖေါ်ပြထားတဲ့ 80-400mm Lens ကို 1.5 Crop Factor ပါတဲ့
Nikon DX ကင်မရာမှာ မိတ်ဆွေအနေနဲ့ 400mm
မှာထားပြီး Hand-held ရိုက်တယ်ဆိုပါတော့။ မိတ်ဆွေရဲ့အနည်းဆုံးဖြစ်ရမယ့် Shutter
Speed ဟာ 1/600S ဖြစ်ပါ တယ်။
( 400 x 1.5 = 600)
Notes
and Exceptions
မှတ်သားရန်အချက်များနှင့် ခြွင်းချက်များ
Reciprocal
Rule ဆိုတာ မဖြစ်မနေလိုက်နာရမယ့် ပုံသေဥပဒေသကြီးရယ်လို့တော့မဟုတ်ပါဘူး။ Hand-Held ရိုက်ကူးတဲ့အခါ
Camera Shake ကြောင့် ပုံရိပ်ဝေဝါးမှုကို လျော့ချနိုင်ဖို့ ဂိုက်လိုင်း တစ်ခုပဲဖြစ်ပါတယ်။ တကယ်လက်တွေ့ရိုက်ကူးမှုတွေမှာတော့
Shutter Speed ဘယ်လောက်က Camera Shake ကိုဖြစ်ပေါ်စေသလဲဆိုတာ အခြားအချက်တော်တော်များများမှာလဲ
မူတည်နေပါသေး တယ်။ အချို့အချက်တွေကိုလေ့လာကြည့်ရအောင်။
ကင်မရာ ကိုင်တွယ်ပုံနည်းစနစ်
မိတ်ဆွေရဲ့
ကင်မရာကိုင်တွယ်ပုံနည်းစနစ်က မမှန်နေဘူးဆိုရင်တော့ Reciprocal Rule ကသိပ်အလုပ်ဖြစ်မှာမဟုတ်ပါဘူး။
မိတ်ဆွေအနေနဲ့ ဒီထက်ပိုမြန်တဲ့ Shitter Speed ကိုအသုံးပြုဖို့လိုပါမယ်။ ကင်မရာ
Gear နဲ့ Lens တွေဟာ အရွယ်အစားအမျိုးမျိုးရှိတတ်ပြီး အတိုင်း အတာတစ်ခုထိ ကြီးမား လေးလံ
တတ်ကြပါတယ်။ ဒါကြောင့် မိတ်ဆွေ ဘာကိုရိုက်ကူးမယ်ဆိုတာ အပေါ်မူတည်ပြီး ကင်မရာကိုင်တွယ်ပုံနည်းစနစ်တွေကို
လေ့လာ ထားသင့်ပါတယ်။ ဥပမာ Tom Stirr ရေးသားထားတဲ့
Hand-Holding Techniques For Telephoto Lens ဆိုတဲ့ Notes မျိုးကို လေ့လာထားသင့်ပါတယ်။ (Hand-Holding
Techniques For Telephoto Lens အကြောင်း သီးသန့် Notes ရေးထားပါတယ်)
ကင်မရာ Resolution
ဒစ်ဂျစ်တယ်ကင်မရာတွေမှာ
Resolution အတော်များလာတာကိုတွေ့ရမှာပါ။ တစ်ခုနဲ့တစ်ခုတော့မတူဘူးပေါ့။ ဒီနေရာမှာသတိထားရမှာက
Resolution မြင့်တဲ့ ကင်မရာတွေဟာ
Resolution ပိုနိမ့်တဲ့ ကင်မရာ တွေထက် Camera Shake ဖြစ်ပေါ်နိုင်ချေပိုများပါတယ်။
ဒီတော့ မိတ်ဆွေအနေနဲ့ Resolution မြင့်တဲ့ ကင်မရာတွေနဲ့ အသုံးပြုရိုက်ကူးတဲ့ အခါမှာ
မိတ်ဆွေရဲ့ Shutter Speed ကို Reciprocal Rule ကအကြံပြုထားတာထက် ပိုမိုတိုးမြှင့်ပြီးအသုံးပြုသင့်ပါတယ်။
Lens အရည်အသွေး
မိတ်ဆွေအနေနဲ့
Resolution မြင့်တဲ့ ကင်မရာကို အသုံးပြုထားပေမယ့်လဲ မိတ်ဆွေ အသုံးပြုတဲ့ Lens က ပုံရိပ်ပြတ်သားမှုကောင်းတဲ့
အရည်အသွေးမှီ Lens မျိုးမဟုတ်ဘူးဆိုရင် လဲ Reciprocal Rule အတိုင်းသိပ်အဆင်မပြေပြန်ပါဘူး။
Shutter Speed ကို ထပ်တိုးဖို့လိုဦးမှာပါပဲ။
Subject ရဲ့ အရွယ်အစားနဲ့
အကွာအဝေး
ဟိုးခပ်ဝေးဝေးမှာရှိတဲ့
ငှက်လေးတစ်ကောင်ကို အမွှေး အတောင် တွေကအစပြတ်သားအောင် ဓါတ်ပုံရိုက်မယ်ဆိုပါစို့။ အထူးသဖြင့်
၁၀၀% ထိ Zoom ဆွဲ ကြည့်တဲ့ အထိပြတ်သားနေအောင်ပေါ့။ ဒီနေရာမျိုးမှာလဲ မိတ်ဆွေအနေနဲ့
Reciprocal Rule က အကြံ ပြုထားတဲ့ Shutter Speed ထက် ပိုမြန်တဲ့ (ပိုများတဲ့ )
Shutter Speed ကို လိုအပ်မှာဖြစ်ပါတယ်။
Image Stabilization
ဒစ်ဂျစ်တယ်ကင်မရာတွေနဲ့
Lens တွေ မှာ Image Stabilization လိုခေါ်တဲ့ ( Vibration Reduction (သို့)
Vibration Compensation လို့လဲ ခေါ်ကြပါတယ်) Function ပါတတ်ပါတယ်။ တကယ်လို့ မိတ်ဆွေရဲ့
ကင်မရာဒါမှမဟုတ် Lens မှာ အဲဒီစနစ်ပါလာတယ်ဆိုရင် တော့ အခုပြောနေတဲ့ Reciprocal
Rule ဆိုတာက သိပ် မလိုလှပါဘူး။ ဘာလို့လဲဆိုတော့ သူက Camera Shake ကို အများကြီး လျှော့ချပေးနိုင်လို့ပါ။
ကင်မရာတစ်ခုနဲ့တစ်ခု၊ Lens တစ်ခုနဲ့တစ်ခု တော့ လျှော့ချပေးနိုင်တဲ့ ပမာဏမတူဘူးပေါ့။
အဲတော့ အထက်မှာဖေါ်ပြခဲ့တဲ့ NIKKOR 80-400mm f/4.5-5.6G ED VR Lens ကိုပြန်ကြည့်ရအောင်။
သူမှာ Image Stabilization ပါဝင်ပြီး 4
Stops ထိလျှော့ချပေးနိုင်ပါတယ်။ ဆိုတော့ မိတ်ဆွေအနေနဲ့ သီအိုရီအရ Reciprocal Rule ကပြောတဲ့
Shutter Speed ထက် ၁၆ဆ ပိုလျှော့ပြီးရိုက်ကူးနိုင်တယ်လို့ဆိုရမှာပါ။ 400mm မှာထားပြီး
Hand- Held ရိုက်ကူးမယ်ဆိုပါစို့။ ကင်မရာကိုင် တွယ်ပုံနည်းစနစ်ကလဲမှန်မယ် ဆိုရင်
Reciprocal Rule အရ Shutter Speed 1/400
နဲ့ရိုက်ကူးရမှာဖြစ်ပေမယ့် Lens ရဲ့ Image Stabilization ကြောင့် မိတ်ဆွေအနေနဲ့ 1/25 S နဲ့ရိုက်ကူးရင်တောင်
ပုံရိပ်က ပြတ်သားနိုင်ပါသေးတယ်။ အခုပြောနေတာက Full Frame ကင်မရာအတွက်သာဖြစ်ပြီး ဒီအခြေအနေမျိုးမှာ
Reciprocal Rule ကသက်ရောက်မှု မရှိ တော့ဘူးလို့
ဆိုနိုင်ပါတယ်။
ယခု Note သည် Nasim Mansurov ၏ “What is Reciprocal
Rule in Photography ” Note မှ ထုတ်နှုတ် ဖေါ်ပြထားခြင်းသာ ဖြစ်ပြီး တစ်စုံတစ်ရာ အမှားအယွင်းပါခဲ့ပါက ကျွန်တော်၏ အားနည်းချက်ကြောင့်သာဖြစ်ပါကြောင်း။
အားလုံး
အဆင်ပြေကြပါစေ …
Khin Maung Chin ( Kalaw )
No comments:
Post a Comment