HAPPY HOME
PHOTOGRAPHY – NOTE (5)
Shutter Speed အကြောင်းတစ်စေ့ တစ်စောင်း
ဓါတ်ပုံအရာမှာ
ISO, Aperture တို့လိုမျိုး အရေးပါတဲ့အရာတစ်ခုကတော့ Shutter Speed ပါပဲ။ Shutter
Speed ရဲ့ အဓိကလုပ်ဆောင်ချက် (၂)ချက်ရှိပါတယ်။ တစ်ခုက ဓါတ်ပုံတစ်ပုံရဲ့ အလင်းအမှောင်ကို ပြောင်းလဲစေတာ ဖြစ်ပြီး နောက်တစ်ခုကတော့ လှုပ်ရှားနေတဲ့ပုံရိပ်တွေကို
ပြတ်သားတဲ့ရုပ်သေအဖြစ်ဖန်တီးပေးခြင်း၊ ဒါမှမဟုတ် ဝေဝါးပြီး လှုပ်ရှားမှုပုံရိပ်တွေကို
အသက်ဝင်စေခြင်းအားဖြင့် စိတ်ဝင်စားဖွယ် ပုံရိပ်တွေကိုဖန်တီးပေးနိုင်တာပါ။ Shutter
Speed လို့ခေါ်ရခြင်းအကြောင်းကတော့ သူကကင်မရာရဲ့ အဖွင့်အပိတ် တံခါး Shutter လေးဖြစ်နေလို့
ပါ။ ဒီShutter ဟာ ပုံရိပ်ဖမ်းတဲ့ ကင်မရာ Sensor ရဲ့ရှေ့မှာတည်ရှိပါတယ်။ Shutter တံခါးကိုဖွင့်လိုက်တဲ့အခါ
တစ်နည်း ဓါတ်ပုံရိုက်ဖို့ ခလုပ်ကိုနှိပ်လိုက်တဲ့အခါ ဒီ Shutter လေးကပွင့်သွားပြီး၊
ကင်မရာ မှန်ဘီလူး (lens )က တစ်ဆင့်ဖြတ်သန်းဝင်ရောက်လာတဲ့ အလင်းကို Sensor ကလက်ခံရယူပြီးပုံရိပ်ကိုဖြစ်ပေါ်စေပါတယ်။
Sensor ကအလင်းရယူမှုပြီးဆုံး သွားတဲ့အခါ ဒီ Shutter ကချက်ခြင်းဆိုသလိုပြန်ပိတ်သွားပြီး၊
ကင်မရာ Sensor စီအလင်းဝင်ရောက်မှူကို ရပ်တန့်စေပါတယ်။ ဒီ Shutter လေးအဖွင့်အပိတ်ဖြစ်ဖို့ နှိပ်ရတဲ့ခလုတ်လေးကိုလဲ
Shutter (သို့) Shutter Button ရှပ်တာခလုတ်လို့ခေါ်ပါတယ်။ ဒီလိုနည်းနဲ့ Sensor ကဖမ်းယူထားတဲ့
ပုံရိပ်လေး က ကိုဓါတ်ပုံ ဖြစ်လာတယ်ပေါ့။ ဒါကအခြေခံသဘောတရားပါ။ Shutter Speed ရဲ့အလုပ်လုပ်ပုံလေးတွေကို
ဆက်လက်လေ့လာကြည့်ရအောင်။
What is Shutter Speed (Shutter Speed ဆိုတာဘာလဲ)
ကင်မရာ
Senosr ပုံရိပ်ဖမ်းနိုင်ဖို့ အလင်းဝင်ရောက်ရန် Shutter ကဘယ် လောက်ကြာအောင်ဖွင့်ထား
ပေး ရသလဲ ဆိုတဲ့ ကြာချိန်ကို Shutter Speed လို့ခေါ်ပါတယ်။ တစ်နည်းအားဖြင့် ဓါတ်ပုံတစ်ပုံကို
ကင်မရာက ဘယ်လောက် ကြာအောင်ရိုက်ကူးတယ်ဆိုတဲ့ အချိန်ပေါ့။ ဒီကြာမြင့်ချိန်ပေါ်မူတည်ပြီး
မိတ်ဆွေရဲ့ဓါတ်ပုံမှာ အကျိုးသက်ရောက် မှုတွေရှိလာပါတယ်။ မိတ်ဆွေအနေနဲ့ long
Shutter Speed ကြာချိန်များများနဲ့ ရိုက်ကူးမယ်ဆိုပါတော့။ အဓိကအကျိုးသက်ရောက်မှုကတော့
Motion Blur လို့ခေါ်တဲ့ လှုပ်ရှားမှုပုံရိပ်တွေက ဝေဝါးနေတဲ့ Effect ကိုရရှိမှာ ဖြစ်ပါတယ်။
Long Shutter Speed ကိုအသုံးပြုပြီး ရိုက်ကူးတဲ့အခါ လှုပ်ရှားမှုပုံရိပ်တွေဟာ အဲဒီလှုပ်ရှားမှုရဲ့
ဦးတည်ရာအတိုင်း ဝေဝါးပြီးပေါ်စေမှာဖြစ်ပါတယ်။ ဒီလိုရိုက်ကူးမှူမျိုးကို ယာဉ်တွေရှုပ်ထွေးစွာသွားလာနေတဲ့
မြို့ပြရဲ့ ညရှုခင်းတွေရိုက်ကူးရာမှာအသုံးပြုကြသလို၊ ကြယ်တာရာတွေကို ရိုက်ကူးတဲ့
Milkyway Photography တွေမှာအသုံးပြုကြတာလဲတွေ့ရပါတယ်။ Landscape ဓါတ်ပုံဆရာတွေအနေနဲ့လဲ
သူတို့ရဲ့ ဓါတ်ပုံမှာ တိမ်တွေရဲ့လှုပ်ရှားမှု ဒါမှမဟုတ် ရေတံခွန်ရိုက်ကူးရာမှာ ရေရဲ့
လှုပ်ရှားမှူ့ စတာတွေကို ဝေဝါးစွာပေါ်လွင်စေချင်တဲ့အခါမျိုးမှာ Long Shutter တစ်နည်း
Slow Shutter ကိုအသုံးပြုကြပါတယ်။ ဒီလိုရိုက် ကူးမှုမျိုးမှာ အကျိုးရလဒ်အနေနဲ့ ငြိမ်သက်နေတဲ့
အရာတွေက ပြတ်သားစွာပေါ်လွင်မှာဖြစ်ပြီး လှုပ်ရှားနေတဲ့ အရာတွေကတော့ သူ့လှုပ်ရှားမှုရဲ့
ဦးတည်ရာအတိုင်း ဝေဝါးစွာပေါ်လွင်လာပြီး ရသမြောက်တဲ့ပုံရပ်တွေရရှိစေမှာဖြစ်ပါတယ်။
OK..
ဒါက Long Shutter Speed (or) Slow Shutter
Speed ရဲ့ အကျိုးသက်ရောက်မှုပါ။ အခြားတစ်ဖက်မှာတော့ သူရဲ့ဆန့်ကျင်ဖက်အနေနဲ့ လှုပ်ရှားနေတဲ့ပုံရိပ်တွေကို
ပြတ်သားတဲ့ ရုပ်သေအဖြစ် ဖမ်းယူဖို့ သုံးနိုင်ပါသေးတယ်။ မိတ်ဆွေအနေနဲ့ Fast Shutter
Speed အမြန်ကိုအသုံးပြုမယ်ဆိုရင်တော့ Shutter Speed ရဲ့မြန်နှုန်းပေါ်မူတည်ပြီး လျှင်မြန်စွာလှုပ်ရှားနေတဲ့
ပုံရိပ်တွေကို ပြတ်သားတဲ့ရုပ်သေအဖြစ် ဖမ်းယူရရှိနိုင်မှာဖြစ်ပါတယ်။ ဥပမာ ပျံသန်းနေတဲ့ငှက်တစ်ကောင်ကိုရီုက်တာမျိုး၊
ဒါမှမဟုတ် လျင်မြန်စွာသွားနေတဲ့ ကားတစ်စီးကို ရိုက်တာမျိုးပေါ့။စီးကျနေတဲ့ ရေတံခွန်ကို
Fast Shutter Speed နဲ့ ရိုက်ကူး တဲ့အခါမှာ ရေတံခွန်က ကျနေတဲ့ ရေမှုန်ရေစက်လေးတွေကို
မိတ်ဆွေမျက်စိနဲ့ သေချာလှမ်းမမြင်ရရင်တောင် မှ ပြတ်သားစွာဖမ်းယူမှာပါ။
အထက်မှာဖေါ်ပြခဲ့တဲ့
အရာတွေကတော့ Shutter Speed ရဲ့ လုပ်ဆောင်ချက်တွေပေါ့။ အတိုချုပ်ပြောရမယ်ဆို ရင်တော့
Fast Shutter Speed အမြန်က လှုပ်ရှားနေတဲ့ပုံရိပ်တွေကို ပြတ်သားတဲ့ရုပ်သေအဖြစ် ရရှိစေမှာဖြစ်ပြီး
Slow Shutter Speed အနှေးကတော့ လှုပ်ရှားမှုပုံရိပ်တွေကို သူသွားတဲ့ လားရာအတိုင်း ဝေဝါးတဲ့ပုံရိပ်ကို
ရရှိစေမှာဖြစ်ပါတယ်။
How Shutter is Measured ( Shutter Speed ကို ဘယ်လို တိုင်းတာသလဲ )
Shutter Speed ကို (၁) စကန့် ရဲ့အောက်ကြာချိန်
အတောအတွင်းမှာဆိုရင်တော့ တစ်စကန့်ရဲ့ အစိတ်အပိုင်းအ ဖြစ်နဲ့တိုင်းတာပါတယ်။ ဆိုလိုတာက
Shutter Speed 1/4 ဆိုရင်
(၁) ကန့်ရဲ့ (၄) ပုံ၊ (၁)ပုံ လို့ဆိုလိုပါတယ်။ 1/250
ဆိုရင်တော့
(၁)စကန့်ရဲ့ (၂၅၀) ပုံ (၁)ပုံလို့ဆိုလိုပါတယ်။ DSLR နဲ့ Mirrorless Camera အများစုမှာ
အမြန်ဆုံး Shutter Speed အနေနဲ့ 1/4000 (၁)
စကန့်ရဲ့ (၄၀၀၀) ပုံ (၁)ပုံနဲ့ အထက်ပါတတ်ပါတယ်။ တစ်ချို့ မှာဆိုရင် 1/8000 (၁) စကန့်ရဲ့ (၈၀၀၀)ပုံ (၁)ပုံ
အထိပါပါတယ်။ အနှေးဆုံး Shutter Speed အနေနဲ့ကတော့ 30
Seconds (၃၀) စကန့်ထိပါတတ်ပါတယ်။ (၃၀) စကန့် အထက် ကြာချိန်ကို
အသုံးပြုချင်တယ်ဆိုရင်တော့ သီးသန့် External Remote Trigger နဲ့ လိုအပ်တဲ့အချိန်ကို
တွဲဖက်အသုံးပြုရမှာဖြစ်ပါတယ်။
Shutter Speed and Exposure (Shutter Speed နဲ့ Exposure အလင်းအမှောင်
ဆက်နွယ်မှု)
Shutter
Speed ရဲ့ နောက်ထပ်အရေးကြီးတဲ့ သက်ရောက်မှုကတော့ အလင်းအမှောင် ဖြစ်ပေါ်စေခြင်းပါ။ မိတ်ဆွေအနေနဲ့
Long Shutter Speed အနှေးကို အသုံးပြုရိုက်ကူးမယ်ဆိုရင် ကင်မရာSensor က အလင်းကို အချိန်ကြာကြာ
လက်ခံရရှိမှာမို့ အကျိုးရလဒ်အနေနဲ့ မိတ်ဆွေရဲ့ပုံမှာ Exposure ပိုများပြီး အလင်းပိုများနေမှာပါ။
ထို့ကတူပဲ Fast Shutter Speed အမြန်ကို အသုံးပြုမယ်ဆိုရင် ကင်မရာSensor က အလင်းအနည်းငယ်သာ
လက်ခံ ရရှိနိုင်မှာမို့ အကျိုးရလဒ်အနေနဲ့ မိတ်ဆွေရဲ့ ပုံက အလင်းနဲပြီးမှောင်နေမှာပါ။
ဒီနေရာမှာ
သတိထားဖို့တစ်ခုက Shutter Speed တစ်ခုထဲကပဲ ပုံရဲ့ လင်းအမှောင်ကို ဖြစ်စေတာတော့မဟုတ်ပါ
ဘူး။ ပုံရဲ့အလင်းအမှောင်ကို ဖြစ်စေတဲ့ Aperture, ISO ဆိုတဲ့ အခြား Setting (၂)ခုလဲရှိပါသေးတယ်။
(Aperture နဲ့ ISO အကြောင်းတွေကို သီးသန့် Notes ရေးထားပါတယ်)
ဒါကြောင့် မိတ်ဆွေအနေနဲ့ ဓါတ်ပုံတစ်ပုံကို ရိုက်ကူးတော့မယ်ဆိုရင် လိုအပ်တဲ့
Shutter Speed ကိုထားပြီးရိုက်ကူးတယ်ဆိုပေမယ့်လဲ ကျန်တဲ့ Seeting (၂) ခုဖြစ်တဲ့
Aperture နဲ့ ISO ကိုလဲ လိုအပ်သလို ချိန်ညှိပေးရမှာဖြစ်ပါတယ်။
Fast , Slow and Long Shutter Speed ( Shutter Speed အမြန်၊ အနှေး နဲ့
အချိန်ကြာကြာရိုက်ကူးခြင်း)
Shutter Speed အမြန်နဲ့
ရိုက်ကူးတဲ့အခါ လှုပ်ရှားနေတဲ့ ပုံရိပ်တွေကို ရုပ်သေအဖြစ်ဖေါ်ပြပေးတယ်ဆိုတာ ဖေါ်ပြ
ပြီးဖြစ်ပါတယ်။ ပုံမှန်ရိုက်ကူးမှုတွေမှာဖြစ်ပေါ်တတ်တဲ့ အနည်းငယ်သော လှုပ်ရှားမှုလေးတွေအတွက်တော့
Shutter Speed 1/200 နှင့် 1/100 ဝန်းကျင်လောက်မှာ ပြတ်သားတဲ့ ရုပ်သေပုံတွေကိုဖန်တီးနိုင်ပေမယ်
ပျံသန်း နေတဲ့ ငှက်တစ်ကောင်ကို ရိုက်ကူးမယ်ဆိုရင်တော့ မိတ်ဆွေအနေနဲ့ ပြတ်သားတဲ့ပုံရိပ်ရဖို့
Shutter Speed 1/1000 နဲ့အထက်လိုအပ်မှာဖြစ်ပါတယ်။
Shutter Speed 1/1၀၀ အောက်တဖြည်းရောက်လာပြီး
1 စကန့် လောက်ဖြစ် လာပြီဆိုရင်တော့ Slower Shutter Speed ကနေ Long Shutter Speed ဖြစ်လာပါပြီ။
ဒီလိုအခြေအနေမှာ ကင်မရာ လှုပ်ရှားမှုကြောင့်ဖြစ်ပေါ်လာမယ့် ပုံရိပ်ဝေဝါးခြင်းကို ကာကွယ်ဖို့
Tripod သုံးရတော့မှာဖြစ်ပါတယ်။ Shutter Speed
1/1၀၀
အောက်တဖြည်းရောက်လာတာနဲ့အမျှ ကင်မရာ လှုပ်ရှားမှုကသိသာ လာတာမို့ ကင်မရာ ကို လက်နဲ့ကိုင်တွယ်ပြီး
ရိုက်ကူးဖို့ ခက်လာပါပြီ။ ကင်မရာလှုပ်ရှား မှုကြောင့် ပုံရိပ်ဝေဝါးလာတော့မှာမို့ပါ။
ဒါပေမယ့် ဒီအခြေအနေမှာ မိတ်ဆွေအသုံးပြုတဲ့ မှန်ဘီလူး Lens ကလဲ အရေးပါပါတယ်။ ဥပမာအနေနဲ့
Nikon 70-200mm f2.8 Lens မှာဆိုရင်
VR. ( Vibration Reduction ) ( Image Stabilization ) လို့ခေါ်တဲ့ တုန်ခါမှုကို လျော့ချပေးတဲ့
စနစ်ပါဝင်ပါတယ်။ ဒါကြောင့် တော်တော်တန်တန် Shutter Speed အနှေးနဲ့ လက်ကကိုင်ရိုက်ရင်တောင်
ပြတ်သားတဲ့ ပုံရိပ်ကို ရရှိစေပါတယ်။ ဒီစနစ်မျိုးမပါဝင်တဲ့ Lens တွေနဲ့ Tripod မသုံးပဲ
ကင်မရာကို Shutter Speed အနှေးသုံးပြီး လက်ကကိုင်ရိုက်မယ်ဆိုရင်တော့ ပုံရိပ်ဝေဝါးမှု
လျော့ချနိုင် အောင် လိုက်နာသင့်တဲ့နောက်ထပ်နည်းစနစ်တွေကတော့ ကင်မရာကိုင်တွယ်ပုံစနစ်
နဲ့ Reciprocal Rule လို့ခေါ်တဲ့ အပြန်အလှန်သက်ရောက်မှု စည်းမျဉ်းတွေပါ။ (ကင်မရာကိုင်တွယ်ပုံစနစ် နဲ့ Reciprocal Rule လို့ခေါ်တဲ့ အပြန်အလှန်သက်ရောက်မှု
စည်းမျဉ်း အကြောင်းသီးသန့် Notes ရေးထားပါတယ်)
How to Set Shutter Speed ( Shutter Speed ကို ဘယ်လို Set လုပ်မလဲ
)
မိတ်ဆွေအနေနဲ့
ကင်မရာကို Auto Mode မှာထား ထားမယ်ဆိုရင် မိတ်ဆွေအနေနဲ့ Shutter Speed ကို ချိန်ညှိနေစရာမလိုသလို၊
Aperture နဲ့ ISO ကိုလဲ ချိန်ညှိနေစရာမလိုပါဘူး။ ကင်မရာက သူ့ဟာသူ အလိုအ လျောက်အားလုံး
ချိန်ညှိပါတယ်။ မိတ်ဆွေအနေနဲ့ ကိုယ့်စိတ်တိုင်းကျ Shutter Speed ကိုချိန်ညှိချင်တယ်ဆိုရင်
လဲရပါတယ်။
(၁)
ကင်မရာကို Shutter Speed Priority Mode မှာထားမယ်ဆိုရင် မိတ်ဆွေအနေနဲ့ Shutter
Speed ကိုမိမိလိုသလို ချိန်ညှိနိုင်ပြီး ကင်မရာက မိတ်ဆွေချိန်ညှိထားတဲ့ Shutter
Speed အပေါ်မူတည်ပြီး Aperture ကို ချိန်ညှိပေးပါလိမ့်မယ်။
(၂)
ကင်မရာကို Aperture Priority Mode မှာ ထားမယ်ဆိုရင်တော့မိတ်ဆွေက Aperture ကိုချိန်ညှိရမှာဖြစ်ပြီး
ကင်မရာက Shutter Speed ကို ချိန်ညှိမှာဖြစ်ပါတယ်။
(၃)
ကင်မရာကို Manual Mode မှာထားမယ်ဆိုရင်တော့ မိတ်ဆွေအနေနဲ့ Shutter Speed ကော
Aperture ကိုပါချိန်ညှိရမှာဖြစ်ပါတယ်။
ဒီ
ကင်မရာ Mode အားလုံးမှာ မိတ်ဆွေအနေနဲ့ ISO လို့ခေါ်တဲ့ ကင်မရာ Seeting ကို မိတ်ဆွေအနေနဲ့
ကိုယ်လိုသလို ချိန်ညှိချင်ရင်ပဲဖြစ်ဖြစ်၊ ကင်မရာကို အလိုအလျောက်ချိန်ညှိစေချင် ရင်ပဲဖြစ်ဖြစ်
မိတ်ဆွေလိုချင်သလို ထားလို့ရပါတယ်။
How to Find Shutter Speed ( Shutter Speed ကိုဘယ်လိုရှာမလဲ )
OK
…Shutter Speed အကြောင်း ဒီလောက်ဆို အတော်တီးမိခေါက်မိမယ်လို့မျော်လင့်ပါတယ်။ အခုနောက်ဆုံးအနေနဲ့
ဒီ Shutter Speed ဆိုတဲ့ Seeting လေးကို ကင်မရာမှာဘယ်လိုဖေါ်ပြထားပြီး ဘယ်လို ရှာရမလဲဆိုတာဖေါ်ပြပေးပါမယ်။
များသောအားဖြင့်
Shutter Speed ကို ပုံမှာပြထားတဲ့အတိုင်း ကင်မရာရဲ့ အပေါ်ပိုင်း LCD Screen ပေါ်မှာဖေါ်ပြ
ပေးလေ့ရှိပါတယ်။ တကယ်လို့ မိတ်ဆွေရဲ့ ကင်မရာမှာ အပေါ်ပိုင်း LCD Screen မပါဝင်ဘူးဆိုရင်တော့
မိတ်ဆွေ အနေနဲ့ View Finder လို့ခေါ်တဲ့ချောင်းကြည့်ပေါက်ကနေ ကြည့်ကြည့်ပါ။ အောက်ခြေဘယ်ဖက်ထောင့်မှာ
Shutter Speed ကိုဖေါ်ပြထားတာတွေ့ရပါလိမ့်မယ်။ တကယ်လို့များ နှစ်ခုစလုံးမပါတဲ့ ကင်မရာဆိုရင်တော့
အနောက်ဖက် LCD Screen မှာဖေါ်ပြထားတာကိုတွေ့ရပါလိမ့်မယ်။ Shutter Speed ကိုဖေါ်ပြတဲ့နေရာမှာ
ကင်မရာ အများစုမှာ (၁) စကန့် ရဲ့အောက်ကို ဖေါ်ပြရာမှာ အပိုင်းကိန်းနဲ့မဖေါ်ပြပဲ ပုံမှန်ဂဏန်းအတိုင်းသာ
ဖေါ်ပြလေ့ရှိပါတယ်။ ဆိုလိုတာက ပုံမှာပြထားတဲ့ 125
ဆိုတာ
1/125 (၁) စကန့်ရဲ့
၁၂၅ပုံ (၁)ပုံလို့ဆိုလိုတာပါ။ (၁) စကန့်နဲ့ အထက်ကိုဖေါ်ပြမယ်ဆိုရင်တော့ စကန့်ကို ကိုယ်စားပြုတဲ့ [ ‘’ ] တုတ်ချောင်းလေးနှစ်ချောင်းနဲ့ တွဲဖက်ဖေါ်ပြပါတယ်။
1’’
ဒါမှမဟုတ်
5’’ စသည်ဖြင့်ပေါ့။ မိတ်ဆွေရဲ့
ကင်မရာမှာ ခုချိန်ထိ Shuttr Speed ကို ရှာမရသေးဘူးဆိုပါတော့။ ဒါဆိုရင်တော့ မိတ်ဆွေအနေနဲ့
လုပ်ရမှာက ကင်မရာမှာ Auto ISO Mode ကိုပိတ်ထားလိုက်ပါ။ ပြီးရင် Aperture Priority
Mode မှာထားပြီး မိတ်ဆွေရဲ့ ကင်မရာကို လင်းရာကမှောင်ရာ၊ ဒါမှမဟုတ်မှောင်ရာက လင်းရာကို
ချိန်ပြီးရွှေ့လျားပေးပါ။ ကင်မရာမှာ ဂဏန်းလေးတွေပြောင်းသွားတာကို မိတ်ဆွေတွေ့ရပါလိမ့်မယ်။
အဲဒါ မိတ်ဆွေရှာနေတဲ့ Shutter Speed ဖြစ်ပါတယ်။
ယခု Note သည် Nasim
Mansurov ၏ Introduction to Shutter Speed in Photography Note မှ ထုတ်နှုတ်
ဖေါ်ပြထားခြင်းသာ ဖြစ်ပြီး တစ်စုံတစ်ရာ အမှားအယွင်းပါခဲ့ပါက ကျွန်တော်၏
အားနည်းချက်ကြောင့်သာဖြစ်ပါကြောင်း။
အားလုံးအဆင်ပြေကြပါစေ
…..
Khin
Maung Chin ( Kalaw )
No comments:
Post a Comment