HAPPY HOME PHOTOGRAPHY – NOTE ( 9 )
Understanding Depth of Field – A Beginner’s Guide
ပုံရိပ်ပြတ်သားမှု ဧရိယာကြောင်း
သိကောင်းစရာ
Depth
of Field (DOF) ဆိုတာ ဓါတ်ပုံအရာမှာ အရေးကြီးတဲ့ အကြောင်းအရာ တွေထဲက တစ်ခု ပဲ ဖြစ်ပါတယ်။
DOF ဆိုတာဘာလဲ ဆိုတာနဲ့ ဘယ်လိုအကြောင်းအချက်တွေက DOF ကိုသက်ရောက် စေတာလဲဆိုတာကို ဓါတ်ပုံရိုက်မယ့်သူတွေအနေနဲ့
ကောင်းကောင်းနားလည်သိထားသင့်ပါတယ်။ DOF ကို
ထိန်းချုပ်ဖို့ Aperture ကို ကစားပေးရမယ် ဆိုတာ
ဓါတ်ပုံဆရာတော်တော်များများ နားလည်ထား ကျပါတယ်။ ဒါပေမယ့် တစ်ခြားအကြောင်းချက်အချို့ကလဲ
DOF အပေါ်မှာ လွှမ်းမိုးသက်ရောက်မူရှိနေ တယ်ဆိုတာကိုလဲ သိထားသင့်ပါတယ်။ အခုNote မှာတော့
DOF ဆိုတာဘာလဲဆိုတာနဲ့ ဘယ်အကြောင်းအချက်တွေနဲ့ DOF ကို ထိန်းချုပ်ကိုင်တွယ်လို့ရတယ်ဆိုတာ
နားလည်လွယ်အောင်ရှင်းပြသွား ပါမယ်။
What is Depth of Field (DOF)?
ပုံရိပ်ပြတ်သားမှုဧရိယာ (DOF) ဆိုတာဘာလဲ
ဓါတ်ပုံတစ်ပုံမှာ
အနီးဆုံးအရာ ကနေ ဟိုးအဝေးဆုံးအရာထိ ကြားမှာလက်ခံနိုင်လောက်တဲ့ပမာဏ အထိပြတ်သားစွာပေါ်လွင်နေတဲ့
အကွာအဝေး ဧရိယာကို (Depth of Field (DOF) လို့ခေါ်ပါတယ်။DOF ကျဉ်းတဲ့ ဓါတ်ပုံတစ်ပုံမှာ
သေးငယ်ကျဉ်းမြောင်းတဲ့ အကွာအဝေးပမာဏသာ ပြတ်သားစွာ ပေါ်လွင်မှာ ဖြစ်ပြီး ဆန့်ကျင်ဖက်အနေနဲ့
DOF ကျယ်တဲ့ ဓါတ်ပုံတစ်ပုံမှာတော့ ပိုမိုကျယ်ပြန့်တဲ့ အကွားအဝေးပမာ ဏ ပေါ်လွင်ပြတ်သားမှာဖြစ်ပါတယ်။
(မှတ်ချက်၊ DOF ဟာ အရှေ့နဲ့အနောက် အကွာအဝေးပေါ်မှာပဲ သက် ရောက်မှုရှိပြီး ဘေးတိုက် အကွာအဝေးပေါ်မှာ သက်ရောက်မှုမရှိပါဘူး)
OK..
DOF ကိုဘယ်လိုအကြောင်းတွေက သက်ရောက်စေသလဲ ဆက်လေ့လာကြည့်ရအောင်။
Aperture
DOF
ကိုအဓိကသက်ရောက်စေတဲ့အကြောင်းကတော့ Aperture ပါပဲ။
Aperture
အကြီး ( F Stop သို့F Number အနဲ) က Shallow DOF လို့ခေါ်တဲ့
ကျဉ်းမြောင်းတဲ့ ပုံရိပ် ပြတ်သားမှုဧရိယာ ကိုဖြစ်ပေါ်စေပြီး Aperture အသေး ( F Stop သို့ F Number များက) Large DOF ခေါ်တဲ့ ကျယ်ပြန့်တဲ့
ပုံရိပ်ပြတ်သားမှုဧရိယာကိုဖြစ်စေပါတယ်။
Camera - Subject Distance
ကင်မရာနဲ့ Subject အကွာအဝေး
DOF
ကိုသက်ရောက်မှုရှိစေတဲ့ နောက်ထပ်တစ်ချက်ကတော့ ကင်မရာနဲ့ Subject ရဲ့ အကွာအဝေးဖြစ်ပါ
တယ်။ ကင်မရာနဲ့ Subject ရဲ့ အကွာအဝေးနီးလေလေ၊ DOF ကျဉ်းမြောင်းလာလေလေဖြစ်ပါတယ်။ ပန်းပွင့်လေးတစ်ပွင့်
ဒါမှမဟုတ် ပိုးကောင်ငယ်လေးတစ်ကောင်ကို Close up ရိုက်ကူးတဲ့အခါမှာ မိတ် ဆွေအနေနဲ့
Aperture ကျစ်ပြီး ( အကျဉ်း F နံပါတ်အများသုံးပြီး) ရိုက်ကူးနေတာတောင် Subject တစ်ခုလုံး
မပြတ်သားပဲ တစ်စိတ်တစ်ပိုင်းသာ ပြတ်သားနေတာမျိုး ကြုံဖူးမှာပါ။ အဲဒါဘာကြောင့်လဲ ဆိုတော့
မိတ်ဆွေရဲ့ ကင်မရာဟာ Subject နားနီးလာလေလေ DOF ကျဉ်းလာလေလေဖြစ်လို့ပါ။
အပေါ်ကပုံတွေကိုလေ့လာကြည့်ပါ။
Aperture ကျဉ်းလာတာနဲ့အမျှ DOF ကျယ်လာတာကို တွေမြင်နိုင် သလို Focus Distance ကင်မရာနဲ့
Subject ရဲ့ အကွာအဝေး နီးလာလို့ DOF ပိုကျဉ်းသွာတာကိုလဲ တွေ့မြင်နိုင်ပါတယ်။
Focal Length of the Lens
Lens တစ်ခုရဲ့ Focal Length
Focal Length တိုတဲ့ (ပိုနဲတဲ့)Wide Angle Lens ခေါ် မြင်ကွင်းကျယ် မှန်ဘီလူးတွေက Focal Length ရှည်တဲ့ (ပိုများတဲ့) Telephoto Lens တွေထက် DOF ပိုကျယ်ပါတယ်။ ကင်မရာနဲ့ Subject ရဲ့အကွာအဝေးကို မပြောင်းလဲ ပဲရိုက်ကူးမယ်ဆိုရင်ပေါ့။
အပေါ်ကပုံတွေကိုလေ့လာကြည့်ပါ။
Focal Length တိုတဲ့ (ပိုနဲတဲ့) Lens နဲ့ရိုက်ထားတဲ့ပုံမှာ DOF ပိုကျယ်တာကိုတွေ့မြင်ရမှာပါ။
ဒါပေမယ် ပုံအုပ်စု(၂)ခုကိုကြည့်မယ်ဆိုရင် Field of View လို့ခေါ်တဲ့ ပုံရိပ်မြင်တွေ့ရတဲ့
(ပေါ်လွင်တဲ့) ဧရိယာ မတူနေတာကိုတွေ့ရနေပြန်ပါတယ်။ အပေါ်ကပုံအုပ်စုမှာ Field of
View ပိုများပြီး DOF ပိုကျယ်တာကို တွေ့ရမှာပါ။ Lens ရဲ့ Focal Length မတူညီပေမယ့်လဲ
Focus Distance ကင်မရာနဲ့ Subject ရဲ့ အကွာအဝေး ကိုပြောင်းလိုက်တဲ့အခါမှာတော့
Field of View လဲ အနီးစပ်ဆုံးတူ လာသလို DOF ကလဲ အနီးစပ်ဆုံးတူလာတာကိုတွေ့ရပါတယ်။
ဒါကြောင့်
မိတ်ဆွေအနေနဲ့ Focus Distance ကင်မရာနဲ့ Subject ရဲ့ အကွာအဝေး ကိုပြောင်းလဲ ချိန်ညှိရိုက်ကူးမယ်ဆိုရင်တော့
Focal Length ဟာ DOF အပေါ်မှာ သိသိသာသာကြီး လွှမ်းမိုး မှု မရှိနိုင်တော့ပါဘူး။
Sensor Size
Sensor ရဲ့ အရွယ်အစား
Sensor
ရဲ့ အရွယ်အစားကလဲ DOF ကို သက်ရောက်စေပါတယ်။ ခပ်တိုတိုပဲပြောရမယ်ဆိုရင် Sensor Size
ပိုငယ်တဲ့ကင်မရာကDOF ပိုကျယ်တယ်လို့ ပြောလို့ရပါတယ်။ နှိုင်းယှဉ်တဲ့အခါမှာတော့ Crop Factor ကြောင့်
Focal Length မတူညီပဲ Field of View ကွာခြားနေတာကိုတော့ ချိန်ညှိရိုက်ကူးပြီး နှိုင်း
ယှဉ်ဖို့လိုပါမယ်။ ဆိုလိုတာက Effective Focal Length လို့ခေါ်တဲ့ တကယ်သက်ရောက်မယ့်
Focal Length ကို တူအောင်ရိုက်ကူးဖို့ပါ။
ကင်မရာနဲ့
Subject အကွာအဝေးအတူတူမှာ Aperture အတူတူနဲ့ပဲ ရိုက်ကူးတဲ့အခါမှာ Sensor Size အကြီးဆုံးက
DOF အနဲဆုံး (အပါးဆုံး) ဖြစ်နေတာကို့တွေ့ရမှာပါ။ ဒါကြောင့်လဲ Professional
Portrait Photographers တွေက Sensor Size ကြီးတဲ့ Full Frame Camera တွေကို ပိုနှစ်သက်ကြတာပါ။
ဒီနေရာမှာ Sensor Size မတူညီတဲ့ ကင်မရာအမျိုးမျိုးနဲ့
DOF အတူတူပဲဖြစ်တဲ့ ပုံတွေကို ရိုက်ကူး လို့မရဘူးလားလို့ မေးစရာရှိပါတယ်။ ရပါတယ်။ ဒါပေမယ့်
မိတ်ဆွေအနေနဲ့ တူညီတဲ့ DOF ရဖို့ Aperture ကို Crop Factor နဲ့ မြောက်ပြီး ရလာတဲ့
Aperture တန်ဖိုးနဲ့ကျမှ ရိုက်ကူးရပါမယ်။ အပေါ်မှာ ဥပမာဖေါ်ပြထားတဲ့ ပုံစံအတိုင်းပဲ
ရိုက်ကူးကြည့်မယ်ဆိုပါစို့။ ဒါပေမယ့် ဒီတစ်ခါမှာတော့ Aperture ကို Full Frame
Sensor မှာ F/18 ထားပြီး
APSC Sensor မှာ F/12 *** ထားပါမယ်။
Micro 4/3 Sensor မှာတော့ F/9 မှာထားပါမယ်။ ဒီအတိုင်း
Effective Aperture တူအောင်ထားပြီးရိုက်ကူးတဲ့အခါမှာ Field of View ပုံရိပ်ပေါ်လွင်မှု
ဧရိယာလဲ တူညီလာမှာဖြစ်သလို မိတ်ဆွေလို ချင်တဲ့ DOF ကလဲ အတိအကျကြီး မတူညီတာတောင် အနီးစပ်ဆုံး ရလဒ်ကိုတော့
တွေ့ရမှာဖြစ်ပါတယ်။
***
သင်္ချာနည်းအရတူညီအောင် Aperture F/12
လို့ ဆိုထားတာဖြစ်ပေမယ့် တကယ် အသုံးပြုတဲ့အခါ မှာ F/11 သို့မဟုတ် F/13 ကို အသုံးပြုနိုင်ပါတယ်။
နောက်ဆုံးနိဂုံးချုပ်အနေနဲ့
ပြောရမယ်ဆိုရင် ဓါတ်ပုံတစ်ပုံမှာ DFO ဘယ်လောက်ထိပါသင့်တယ်
ဒါမှမဟုတ်ဘယ်လောက် DOFကဖြင့်ပိုကောင်းတယ်ဆိုတာ မရှိပါဘူး။ မိတ်ဆွေအနေနဲ့ဘာပုံရိုက်မှာလဲ။
DOF ကို ဘယ်လိုပေါ်စေချင်သလဲ ဆိုတာအပေါ်မူတည်ပြီး၊ ကိုယ် လိုချင်တဲ့ DOF ကို ဘယ်လို
ဖန်တီးယူ လို့ရတယ်ဆိုတာကိုနားလည်ဖို့ပဲ အရေးကြီးပါတယ်။ DOF ကိုဘာတွေက သက်ရောက်ဖြစ်ပေါ်စေတာလဲ
ဆိုတာကို သေချာနားလည်လာပြီဆိုရင် မိတ်ဆွေအနေနဲ့ မိတ်ဆွေ လိုချင်တဲ့ DOF အတိုင်းပုံတွေကို
လွတ်လပ်စွာဖန်တီးနိုင် မှာ ဖြစ်ပါတယ်။ ဒီလိုသေချာနားလည်သိရှိနိုင်ဖို့
လက်တွေ့ ရိုက်ကူးလေ့ကျင့် ဖို့လဲလိုပါတယ်။ Focal Length အမျိုးမျိုး ကို Aperture အမျိုးမျိုးနဲ့
မတူညီတဲ့ အကွာအဝေး အမျိုး မျိုးမှာ စမ်းသပ်ရိုက်ကူး ကြည့်ရင်း တဖြည်းဖြည်းနဲ့ DOF ရဲ့
သဘောသဘာ၀ကို မိတ်ဆွေအနေနဲ့ ခံစား သိမြင်လာမှာပဲဖြစ်ပါ တယ်။
ယခု Note သည် Elizabeth ၏ “Understanding Depth of Field - A beginner’s Guide ” Note မှ ထုတ်နှုတ် ဖေါ်ပြထားခြင်းသာ ဖြစ်ပြီး တစ်စုံတစ်ရာ အမှားအယွင်းပါခဲ့ပါက ကျွန်တော်၏ အားနည်းချက်ကြောင့်သာဖြစ်ပါကြောင်း။
အားလုံးအဆင်ပြေကြပါစေ…
Khin Maung Chin (Kalaw)