Saturday, 21 November 2020

ISO ဆိုသော ထိုအရာ

HAPPY HOME PHOTOGRAPHY – NOTE (8)

Understanding IOS in Photography

ISO ဆိုသောထိုအရာ

ဓါတ်ပုံအရာမှာ ထောက်တိုင်ကြီး သုံးခုထဲက (၁) ခုကတော့ ISO ပဲဖြစ်ပါတယ်။ ကျန်(2)ခုကတော့ Shutter Speed နဲ့ Aperture ပဲဖြစ်ပါတယ်။ (Shutter Speed နဲ့ Aperture အကြောင်းတွေနဲ့ ပါတ်သက်ပြီး သီးသန့် Notes ရေးထားပါတယ်) ဒီ ISO ဆိုတာကလဲ မိတ်ဆွေရဲ့ ဓါတ်ပုံ အပေါ်မှာ သက်ရောက်မှုတွေ အများကြီးဖြစ် စေပါတယ်။ ဘယ်လိုသက်ရောက်မှုတွေဖြစ်စေသလဲဆိုတာ လေ့လာကြည့်ရအောင်။


What is ISO ( ISO ဆိုတာဘာလဲ)

ISO ဆိုတာ အခြေခံအားဖြင့် ဓါတ်ပုံတစ်ပုံကို ပိုလင်းလာစေခြင်း သိုမဟုတ်ပိုမှောင်သွားစေခြင်း ကိုဖြစ်ပေါ်စေတဲ့ ကင်မရာ Setting တစ်ခုလို ပြောနိုင်ပါတယ်။ ISO Speed လိုခေါ်လေ့ရှိတဲ့ ISO  နံပါတ်ကို ပိုတိုး လာလေလေ ဓါတ်ပုံက ပိုလင်းလာလေလေဖြစ်ပါတယ်။ ဒီနည်းနဲ့ Aperture နဲ့ Shutter Speed ကို မိမိလိုချင်သလိုထားရှိ ရိုက် ကူးနိုင်ဖို့ ISO က အထောက်အကူပြုမှာဖြစ်ပါတယ်။ သို့ပေမယ့်လဲ သူ့မှာ ကြီးမားတဲ့ အကျိုးအဆက်တွေက ရှိနေ ပြန်ပါတယ်။ ISO အမြင့်တွေ ထားပြီး ရိုက်ကူးရာမှာ ဓါတ်ပုံမှာ Grain ဒါမှမဟုတ် Noise လို့ခေါ်တဲ့ ဗြုတ်တွေ ပါလာပါတော့တယ်။ ISO မြင့်လေ ဗြုတ်ထလေပါပဲ။ ဒါကြောင့် အတော်များများက အခြေအနေအရ Exposure အလင်းအမှောင်ကို Aperture နဲ့ Shutter Speed တို့နဲ့ ထိန်းချုပ်ကိုင်တွယ်ဖို့ မဖြစ်နိုင်တော့တဲ့ အခြေအနေ မျိုးကျမှသာ ISO ကို တိုးမြှင့် အသုံးပြုကြတာပါ။ ဥပမာ Shutter Speed အရှည်နဲ့ ရိုက်ကူးမယ်ဆိုရင် ပုံက လုံး၀ ဝါးသွားတော့မယ် ဆိုတဲ့ အခြေအနေမျိုးပေါ့။









What is The Meaning of ISO ( ISO ဆိုတဲ့ အဓိပါယ်က ဘာလဲ )

ISO ဆိုတဲ့ အတိုကောက် စာလုံးလေးဟာ တကယ်တော့ နို်ငငံတစ်ကာ စံနှုန်းသက်မှတ်ချက် အဖွဲ့စည်း International Organization for Standardization ကို ကိုယ်စားပြုပါတယ်။ ဒါပေမယ့် ဓါတ်ပုံအရာမှာတော့ ISO ဆိုတာ အမျိုးမျိူးသောနည်းပညာနဲ့ ထုတ်ကုန်ပစည်းတွေကို စံနှုန်းသတ်မှတ်ပေးတဲ့ ဒီအဖွဲ့အစည်းကို တိုက်ရိုက် မရည်ညွန်းပါဘူး။ 1974 ခုနှစ်မှစတင်ပြီး ASA နဲ့ DIN လို့ခေါ်တဲ့ ကင်မရာ Film ရဲ့ အဆင့်အတန်းသက်မှက်ချက် (၂) ခု ကို ပေါင်းစည်းပြီး ISO အဆင့်အတန်းအနေနဲ့ သတ်မှတ် သုံးစွဲ ခဲ့ပါတယ်။ ISO ဆိုတာ Film ရဲ့ Sensitivity လို့ခေါ်တဲ့ အာရုံခံနိုင်မှူစွမ်းအားကို ဖေါ်ပြတဲ့နေရာမှာ သုံးစွဲခဲ့ကြတာဖြစ်ပြီး နောက်ပိုင်း Digital ခောတ်မှာ ကင် မရာ ထုတ်လုပ်သူတွေကလဲ Film မှာလိုပဲ အလင်းပမာဏကိုထိမ်းသိမ်းနိုင်တဲ့ Level အဆင့်အတန်းကို ဖေါ်ပြရာ မှာ  ဒီ ISO ဆိုတဲ့ စကားစုကိုပဲ မွေးစားအသုံးပြုခဲ့ကြတာဖြစ်ပါတယ်။

 

Common ISO Values ( ပုံမှန် ISO  တန်ဖိုးများ )

အခြေခံအားဖြင့် ကင်မရာ တစ်ခုနဲ့ တစ်ခု ISO ပါဝင်မှု အဆင့်ပမာဏ မတူကြပါဘူး။ ပုံမှန်အားဖြင့်ပါဝင်လေ့ ရှိတဲ့ ISO တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

ISO 100 ( Low ISO)

ISO 200

ISO 400

ISO 800

ISO 1600

ISO 3200

ISO 6400 (High ISO )

ရိုးရှင်းပါတယ်။ မိတ်ဆွေရဲ့ ISO ကို နှစ်ဆတင်လိုက်တဲ့အခါ မိတ်ဆွေရဲ့ ပုံမှာပါဝင်တဲ့  Brightness အလင်း ပမာဏ ကလဲ နှစ်ဆဖြစ်လာမှာပါ။ ဆိုလိုတာက ISO 400 က ISO 200 ထက်နှစ်ဆ ပိုလင်းမှာဖြစ်ပြီး ISO 200 က ISO 100 ထက် နှစ်ဆ ပိုမှာဖြစ်ပါတယ်။

 

 

What is Base ISO ( အခြေခံ ISO ဆိုတာဘာလဲ )

ကင်မရာတစ်ခုမှာပါဝင်တဲ့ အနိမ့်ဆုံး ISO တန်ဖိုးဟာ သူရဲ့ အခြေခံ ISO တန်ဖိုးပါပဲ။ ဒါကမိတ်ဆွေရဲ့ ပုံ အရေအသွေးကို Noise ပါဝင်မှု အနည်းဆုံးနဲ့ အကောင်းဆုံးဖန်တီးပေးနိုင်တာမို့ အင်မတန်အရေးကြီးပါတယ်။ Model အနည်းငယ်နိမ့်တဲ့ ကင်မရာ အချို့မှာ Base ISO ၂၀၀ ထိပဲပါတတ်ပါတယ်။ နောက်ပိုင်း Digital ကင်မရာ အများစု မှာတော့ Base ISO 100 ထိပါဝင်ပါတယ်။ များသောအားဖြင့် Noise အနဲဆုံး နဲ့ ကောင်းမွန်တဲ့ ပုံရိပ်တွေ ရိုက်ကူးဖို့ Base ISO မှာ ထားပြီး ရိုက်ကူးကြပေမယ့်လဲ အလင်းရောင်းအားနဲတဲ့ အခြေအနေမှာတော့ အဆင်မပြေ လှတော့တာတွေရှိတတ်ပါတယ်။ ဒီနေရာမှာတစ်ခုသတိထားစေချင်တာက တစ်ချို့ ကင်မရာတွေမှာ ပုံမှန် ISO တန်ဖိုးတွေအပြင် ‘HI’ / ‘LO’ ဆိုတဲ့ အပို ISO တွေပါတတ်ပါတယ်။ ဒါပေမယ့် ဒီ ISO တန်ဖိုးတွေက မိတ်ဆွေရဲ့ ပုံရိပ် အရေအသွေးကို လုံး၀ ကျဆင်းစေတာလွဲလို့ ကျန်တာ အလုပ်မဖြစ်လှပါဘူး။ ဒါကြောင့် ဒီ ISO တန်ဖိုး တွေကိုသုံးဖို့ကိုတော့ သိပ်အားမပေးလိုပါဘူး။


Low Vs High ISO Noise Visibility ( ISO များခြင်း / နဲခြင်းနှင့် Noise ပေါ်လွင်မှု )








မတူညီတဲ့ ISO တွေနဲ့ ရိုက်ကူးထားတဲ့ အထက်ပါပုံ () ပုံကိုလေ့လာကြည့်ပါ။ (ဒီနေရာမှာ Exposure အမှန်ရဖို့ ISO200 နဲ့ပုံမှာ  Long Shutter Speed သုံးထားပါတယ်။) သိသာထင်ရှားစွာပဲ ISO 3200 နဲ့ပုံမှာ Noise တွေ ထင်ရှားစွာပါနေ တာ ကိုတွေ့ရမှပါ။ ဒါ့ကြောင့်လဲ မဖြစ်မနေသုံးကိုသုံးရမယ့် နေရာတွေကလွဲရင် ISO အမြင့်တွေကို မသုံးကြတာပါ။


When to Use Low ISO ( ဘယ်အချိန်တွေမှာ ISO အနဲကို အသုံးပြုကြမလဲ )

အထက်မှာဖေါ်ပြခဲ့သလိုပဲ Noise အနဲဆုံးနဲ့ ကောင်းမွန်တဲ့ပုံရိပ်တစ်ပုံရဖို့ အချိန်တော်တော်များမှားမှာ မိတ်ဆွေအနေနဲ့ ISO အနဲ ( Base ISO ) ကိုအသုံးပြုနိုင်ပါတယ်။ အလင်းရောင်အားများတဲ့ အခြေအနေမျိုးမှာ  ISO အနဲကို လုံလောက်တဲ့ Shutter Speed နဲ့တကွ အခက်အခဲမရှိ မိတ်ဆွေအနေနဲ့ အသုံးပြုနိုင်သလို အလင်းရောင်အားနဲလာတဲ့အခါမျိုးမှာလဲ Shutter Speed နဲလာတဲ့ အနေအထားကိုကာကွယ်တဲ့အနေနဲ့ Tripod ကိုအသုံးပြုပြီး အသုံးပြုနိုင်ပါတယ်။ ဒီနေရာမှာ သတိထားရမယ့်အချက်က မိတ်ဆွေရိုက်ကူးမယ့် Subject ဟာ လုံး၀ငြိမ်သက်နေဖို့လိုပါမယ်။ Shutter Speed နဲလာတဲ့ အခြေအနေမျိုးမှာ မိတ်ဆွေရဲ့ ကင်မရာ လှုပ်ရှားမှုကြောင့် ပုံရိပ်ကဝါးသွားနိုင်သလို မိတ်ဆွေ ရိုက်ကူးမယ့် Subject လှုပ်ရှားမှုကြောင့်လဲ ပုံရိပ်က ဝါးသွားနိုင်ပါတယ်။


When to Use High ISO ( ဘယ်အချိန်တွေမှာ ISO အများကို အသုံးပြုကြမလဲ )

အဓိကအနေနဲ့ Noise နဲပြီး ပုံရိပ်ကြည်လင်ဖို့ ISO အနဲကို အသုံးပြုကြတယ်ဆိုပေမယ့်လဲ၊ ISO အများကို မဖြစ်မနေ အသုံးပြုရမယ့် အခြေအနေတွေကလဲရှိပါသေးတယ်။ ပုံရိပ်မဝါးဖို့ အဓိကထားရိုက်ကူးကြတဲ့အခါမှာ မိတ်ဆွေအနေနဲ့ ISO အများနဲ့ ပြတ်သားတဲ့ပုံကိုယူမလား၊ ISO အနဲ နဲ့ ဝါးတဲ့ပုံကိုလက်သင့်ခံမလား ရွေးချယ်ရပါလိမ့်မယ်။ လှုပ်ရှားမှုမြန်ဆန် လွန်းတဲ့ ပုံမျိုးကိုမိတ်ဆွေရိုက်ကူးတဲ့အခါ ( ဥပမာ - ပျံသန်းနေတဲ့ငှက်တစ်ကောင်ကိုရိုက်ကူးတာတို့၊ အားကစားပွဲတွေ မှာလှုပ်ရှားမှု့ပုံရိပ်တွေကို အမိအရ ဖမ်းယူတဲ့အခါမျိုး) မှာ ပြတ်သားတဲ့ပုံရိပ်တွေကိုရနိုင်ဖို တစ်ခုတည်းသောနည်းက ISO ကို တိုးမြှင့် ရိုက်ကူးဖို့ပါပဲ။ ဆိုလိုတာက ပျံသန်းနေတဲ့ ငှက်တစ်ကောင်ကို အမိအရ ရိုက်ကူးဖို့ဆိုရင်၊ ငှက်ရဲ့ ပျံသန်းနေတဲ့ အမြန်နှုန်းအပေါ်မူတည်ပြီး မိတ်ဆွေအနေနဲ့ Shutter Speed 1/1000S လောက်ကနေ 1/2000S ကျော်လောက်ထိ လိုအပ်နိုင်ပါတယ်။ Aperture အကျယ်ကို အသုံးပြုတယ်ဆိုဦးတော့ ဒီလောက်မြန်တဲ့ Shutter Speed နှုန်းမှာ Exposure အမှန်ကိုရဖို့ မလုံလောက်တော့ပါဘူး။ ဒီတော့ မိတ်ဆွေအနေနဲ့ ISO ကို မဖြစ်မနေ တိုးမြှင့်ရတော့မှာပါ။ ဒါ့ကြောင့်လဲ ဒီလိုရိုက်ကူးမှုမျိုးအတွက် ISO နိုင်တဲ့ ( ISO အများကြီးမှာတောင် Noise နဲတဲ့) ကင်မရာတွေက အရေးပါလာရခြင်း ဖြစ်ပါတယ်။ နောက်တစ်ခုက အလင်းရောင်အားနဲတဲ့ အခန်းတွင်းရိုက်ကူးမှုတွေမှာလဲ မိတ်ဆွေအနေနဲ့ ကိုယ့်ကင်မရာ ကလက်ခံနိုင်လောက်တဲ့ ပမာဏထိ ISO ကို တိုးမြှင့် ရိုက်ကူးနိုင်ပါတယ်။ ဒီနေရာမျိုးမှာ DSLR ကင်မရာ အများစုမှာပါ ဝင်တတ်တဲ့ Auto ISO စနစ်က တကယ်အသုံးဝင်ပါတယ်။ မိတ်ဆွေအနေနဲ့ ကိုယ်လိုချင်တဲ့ ISO ပမာဏကို Set လုပ် ထားမယ်ဆိုရင် ရိုက်ကူးမှုပြုလုပ်တဲ့အခါမှာ ကင်မရာက အဲဒီပမာဏထက်ကျော်ပြီး အသုံးပြုမှာမဟုတ်ပါဘူး။ သတိထား ရမယ့်အချက်ကတော့ သတ်မှတ်ထားတဲ့ ပမာဏထိ ရောက်တာတောင် Exposure က မလုံလောက်သေးဘူးဆိုရင်တော့ ကင်မရာက မိတ်ဆွေရဲ့ Shutter Speed ကိုနှေးကွေးလာစေတော့မှာမို့ ပုံရိပ်ဝေဝါးလာမှု ဖြစ်လာနိုင်ပါတယ်။

Noise ပါဝင်မှုအနဲဆုံးနဲ့ ပုံရိပ်ကြည်လင်ပြတ်သားမှု တတ်နိုင်သလောက် အကောင်းဆုံးဖြစ်အောင် ရိုက်ကူးဖို့ အကြံပြုလို တာကတော့ …..

() မိတ်ဆွေလိုချင်တဲ့ Depth of Field (ပုံရိပ်ပြတ်သားမှု ဧရိယာ) အပေါ်မှုတည်ပြီး သင့်တော်မယ့် Aperture တစ်ခုကို ရွေးချယ်ထားပါ။ ( Depth of Field  ပုံရိပ် ပြတ်သားမှုဧရိယာ အကြောင်းသီးသန့် Note ရေးထားပါတယ် )

() ISO ကို Base Value (အနိမ့်ဆုံးတန်ဖိုး) မှာထားပြီး၊ မှန်ကန်တဲ့ Exposure ရတဲ့အထိ Shutter Speed ကိုထားပြီး ရိုက်ကူးကြည့်ပါ။ ( Shutter Speed ဘယ်လောက်မှာဖြစ်ဖြစ်ပေါ့)

() ပုံရိပ်ကဝါးနေတယ်ဆိုရင် ISO ကို နဲနဲစီ တိုးမြှင့်လာပြီး ရိုက်ကူးကြည့်ပါ။ ပုံရိပ်ပြတ်သားလာတဲ့အထိပေါ့။

() ISO ကလဲသိပ်များနေပြီ၊ ပုံကလဲလိုအပ်တဲ့ ပြတ်သားမှုကို မရသေးဘူးဆိုရင်တော့၊ မိတ်ဆွေအနေနဲ့၊ မိတ်ဆွေလိုအပ် တဲ့ ISO ရတဲ့အထိ Aperture ကို ကျယ်ပေးရပါတော့မယ်။ Aperture အကျယ်ရဲ့ ရလဒ်ကြောင့် Depth of Field ကတော့ ကျဉ်းသွားတော့မှာပါ။ ( Aperture အကြောင်း သီးသန့် Note ရေးထားပါတယ် )

ဒီနည်းလမ်းလေးတွေကို အသုံးပြုပြီး မိတ်ဆွေအနေနဲ့ အချိန်တော်တော်များများမှာ မိတ်ဆွေရဲ့ ပုံရိပ် အရည်အသွေးကို တိုးတက်ကောင်းမွန်လာစေနိုင်ရုံသာမက၊ Noise ဆိုတာရယ်၊ Motion Blur လို့ခေါ်တဲ့ လှုပ်ရှားမှုကြောင့် ပုံရိပ် ဝေဝါးမှု ရယ်၊ Depth of Field လို့ခေါ်တဲ့ ပုံရိပ်ပြတ်သားမှု ဧရိယာ တို့ရဲ့ သဘောသဘာ၀ကိုလဲ ပိုမိုသိမြင်နားလည်လာမှာပဲဖြစ် ပါတယ်။

ISO နဲ့ပါတ်သက်ပြီး အခြားသိသင့်သည့် အကြောင်းအရာများ

() Is ISO “Sensor Sensitivity”?

ISO ဆိုတာ Sensor ရဲ့ တုန့်ပြန်နိုင်မှု စွမ်းအားလား ….

ISO ဆိုတာ ဆင်ဆာရဲ့ တုန့်ပြန်နိုင်မှု စွမ်းအားလို့ထင်ရပေမယ့် တကယ်တော့ သူရဲ့လုပ်မှုက အဲလိုမဟုတ်ပါဘူး။ ဒစ်ဂျစ်တယ် ဆင်ဆာ တစ်ခုဟာ သူကိုယ်တိုင်မှာကိုက တုန့်ပြန်နိုင်မှုစွမ်းအားပါပြီးသားပါ။ ISO ဆိုတာ Setting တစ်ခုမှာ ဓါတ်ပုံရိုက်တဲ့အခါ ထွက်ပေါ်လာမယ့်ပုံရိပ်ဟာ အလင်းဘယ်လောက်ဖြစ်သင့်တယ်ဆိုတာ ကင်မရာကိုလမ်းပြပေးပြီး သင့်တော်မယ့် Exposure ကိုတိုးပေးပြီးပိုလင်းလာစေခြင်း၊ ဒါမှမဟုတ်လျှော့ပေးပြီး ပိုမှောင်သွားစေခြင်း စတာတွေကို ဖြစ်ပေါ်စေတဲ့ Setting တစ်ခုလို့ပြောရင် ပိုသင့်တော်ပါတယ်။

() Is ISO part of Exposure?

ISO ဆိုတာ Exposure ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါသလား….

ISO ဆိုတာ Exposure ရဲ့ အစိတ်အပိုင်းတစ်ခုမဟုတ်ပါဘူး။ Shutter Speed နဲ့ Aperture က အလင်းရောင်ကိုပိုမိုလက်ခံ ပြီး မိတ်ဆွေရဲ့ ပုံရိပ်ကိုလင်းစေတာပါ။ ISO လုပ်ဆောင်မှုက အဲလိုမဟုတ်ပါဘူး။ မိတ်ဆွေရိုက်ကူးထားပြီးသားပုံကို ပိုမိုလင်းစေခြင်းသာဖြစ်ပါတယ်။ ဒါကြောင့် ဓါတ်ပုံဆရာတွေက ISO ဟာ Exposure ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တယ်လို့ မယူဆပါဘူး။

() Is Raising ISO Just Like Brightening your Photo on a Computer ?

ISO တိုးမြှင့်ခြင်းဟာ ဓါတ်ပုံတစ်ပုံကို ကွန်ပျူတာမှာ အလင်းတိုးမြှင့်တာနဲ့ တူပါသလား

ကောင်းမွန်တဲ့မေးခွန်းပါ။ ISO တိုးမြှင့်သလိုမျိုးကွန်ပျူတာမှာ အလင်းတိုးမြှင့်နိုင်တဲ့ နည်းလမ်းများစွာရှိပါတယ်။ ဒါပေမယ့် ကွာခြားချက်တွေတော့ရှိပါတယ်။ အရိုးရှင်းဆုံး ကွာခြားချက်ကိုပြောရမယ်ဆိုရင် မိတ်ဆွေအနေနဲ့ ဓါတ်ပုံတစ်ပုံကို ကွန်ပျူတာမှာ အလင်းတိုးမြှင့်တာထက်၊ ISO တိုးမြှင့်ရိုက်ကူးတာက ပုံရိပ်အရည်အသွေးကောင်းမွန်ဖို့ ပိုမိုအထောက်အကူဖြစ်စေပါတယ်။ဆိုလိုတာက မိတ်ဆွေအနေနဲ့ ISO 100 ကိုအသုံးပြုရိုက်ကူးပြီး Light Room တို့လိုမျိုး Post Processing Software တွေမှာ အလင်းရောင်ပမာဏ အများကြီးတင်ပြီးတော့ Exposure အမှန်ကို ရရှိစေမယ့်အစား၊ ရိုက်ကူးစဉ်ကတည်းက လိုအပ်ရင် ISO 800 လောက်ကို အသုံးပြုပြီးရိုက်ကူးတာက မိတ်ဆွေရဲ့ ပုံရိပ် အရည်အသွေးကောင်းမွန်မှုကို ပိုမိုအထောက်အကူဖြစ်စေပါတယ်။

(4) How dose ISO Affect a photo?

ISO က ဓါတ်ပုံတစ်ပုံကို ဘယ်လိုသက်ရောက်မှုရှိတာလဲ

ISO ဆိုတာ ဓါတ်ပုံ တစ်ပုံရဲ့ အလင်းပမာဏကို တိုးစေတာရော လျှော့စေတာရော ဖြစ်စေတဲ့ Setting တွေထဲကတစ်ခုပါ။ တစ်ဆက်တည်းမှာပဲ Grain ဒါမှမဟုတ် Noise လို့ခေါ်တဲ့ ဗြုတ်တွေကိုထစေတာလဲ သူပါပဲ။ ဒီအပြင် Dynamic Range လို့ခေါ်တဲ့ အလင်းအမှောင်ကြားက မြင်ရတဲ့မြင်ကွင်းအတိုင်အတာပေါ်မှာလဲ သက်ရော်ကမှုရှိစေပါတယ်။ ( Dynamic Range  အကြောင်းသီးသန့် Note ရေးထားပါတယ်) ISO အနိမ့်ဆုံး (Base ISO) မှာထားပြီး ရိုက်ကူးမယ်ဆိုရင် Grain / Noise ပါဝင်မှု အနဲဆုံးဖြစ်မှာ ဖြစ်သလို Dynamic Range လဲ အကျယ်ဆုံးရမှာဖြစ်ပါတယ်။ Post Processing လုပ်တဲ့အခါမှာလဲ အသင့်မြတ်ဆုံးပုံဖြစ်စေပါတယ်။ သူ့ရဲ့ဆန်ကျင်ဖက်အနေနဲ့ ISO တိုးလာ (များလာ) တာနဲ့အမျှ Grain / Noise ပါဝင်မှုလဲများလာမှာဖြစ်ပြီး၊ Dynamic Range လဲကျဉ်းလာမှာဖြစ်ပါတယ်။

(5) What is Best ISO Setting For Landscape Photograph ?

Landscape လို့ခေါ်တဲ့ ရှုမျှော်ခင်းဓါတ်ပုံ အတွက် ဘယ် ISO Setting က အကောင်းဆုံးဖြစ်မလဲ

မိတ်ဆွေအနေနဲ့ Landscape ပုံတွေ ရိုက်ကူးတော့မယ်ဆိုရင် Tripod ကိုသုံးပါ။ ISO အနိမ့်ဆုံး ( Base ISO ) မှာထားသင့်ပါတယ်။ များသောအားဖြင့် ကင်မရာတွေမှာ Base ISO က ISO100 ဖြစ်တတ်ပါတယ်။

 

ယခု Note  သည် Nasim Mansurov “What is ISO? The Complete Guide for Beginners” Note မှ ထုတ်နှုတ် ဖေါ်ပြထားခြင်းသာ ဖြစ်ပြီး တစ်စုံတစ်ရာ အမှားအယွင်းပါခဲ့ပါက ကျွန်တော်၏ အားနည်းချက်ကြောင့်သာဖြစ်ပါကြောင်း။

 

အားလုံးအဆင်ပြေကျပါစေ  ...                                                   Khin Maung Chin ( Kalaw ) 








No comments:

Post a Comment

Most View