HAPPY HOME PHOTOGRAPHY – NOTE (4)
Camera Mode ( DSLR ကင်မရာတစ်လုံးရဲ့ ရိုက်ကူးရေး Mode များကိုလေ့လာခြင်း)
DSLR
ကင်မရာတစ်လုံးမှာ ရိုက်ကူရေးMode တွေအများကြီးပါပါတယ်။ ကင်မရာက ကြိုတင် Setting ချထားတဲ့
အဲဒီMode တွေက မိတ်ဆွေ ရိုက်ကူးချင်တဲ့ ပုံတွေကို အဆင်အပြေဆုံးဖြစ်အောင်ကူညီ ဖန်တီးပေးမှာပါ။
ကင်မရာနဲ့သိပ်မရင်းနှီးသေးတဲ့သူတွေအတွက် အရမ်းအဆင်ပြေစေသလို၊ ကိုယ့်ရိုက် ကွင်းကို
အစမ်းသဘောမျိုးကြိုတင်ရိုက်ကူးလိုတဲ့ အတွေ့အကြုံရှိပြီးသား ဓါတ်ပုံဆရာတွေအတွက်လဲ တန်ဖိုးရှိပါတယ်။
ဘယ်Mode တွေကဘယ်လို အလုပ်လုပ်သလဲ လေ့လာကြည့်ရအောင်။
၁။ Auto Mode (Auto ရိုက်ကူးခြင်း)
Auto
Mode မှာတော့ ကင်မရာက Shutter Speed, ISO, Aperture, Flash စတဲ့ Setting အားလုံးကို
သူဟာသူအကောင်းဆုံးနဲ့ အနီးစပ်ဆုံးဖြစ်အောင် Auto ရွေးချယ် လုပ်ဆောင်သွားပါတယ်။ မိတ်ဆွေလုပ်
ရမှာက ချိန်ပြီး ရိုက်လိုက်ရုံပါပါပဲ။ ဘယ်Setting ထားပြီးရိုက်ရမလဲ မသိသေးတဲ့ချိန်နဲ့
အကြောင်း အမျိုးမျိုးကြောင့် မှတ်တမ်းကပိုအရေးကြီးပြီး အလျင်အမြန်ရိုက်ဖို့လိုအပ်တဲ့အခါမျိုးမှာ
သုံးသင့်ပါတယ်။
၂။ Portrait Mode ( Subject အသားပေးရိုက်ကူးခြင်း)
Portrait
Mode မှာတော့ Camera က Subject ဟာ
Foreground လို့ခေါ်တဲ့ ပုံရဲ့အရှေ့ပိုင်း (တစ်နည်းအောက်ပိုင်း) မှာပဲရှိတယ်လို့ယူဆပြီး
Depth of Field ( ပုံရိပ်ပြတ်သားမှူဧရိယာ)ကို ကျဉ်းစေပါတယ်။ အကျိုးသက်ရောက်မူ့အနေနဲ့
Subject သာလျှင်အဓိကပြတ်သားပြီး နောက်ပိုင်းကို ဝါးသွားစေပါတယ်။ Camera က မြင်ကွင်းဟာ
အလင်းလုံလောက်မှုမရှိဘူးလိုယူဆတယ်ဆိုရင် အလင်းဖြည့်ပေးဖို့ Flash ကိုလဲ Auto ပွင့်စေပါတယ်။ ( နေပြင်းတဲ့နေ့မျိုးမှာ
Portrait ရိုက်ကူးရင်လဲ Flash သုံးသင့်ပါတယ်။ အကျိုးရလဒ်အနေနဲ့ နေရောင်ကြောင့်ဖြစ်ပေါ်စေတဲ့
Subject ပေါ်က အရိပ်ထပ်ဟပ်မှုတွေကို ပြေပျောက်စေပါတယ်)
၃။ Macro Mode ( သေးငယ်တဲ့ Subject များကိုရိုက်ကူးခြင်း)
သေးငယ်တဲ့
Subject တွေကို ရိုက်ကူးရာမှာ Macro Mode ကိုအသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် သိထားရမှာက
အလွန်အနုစိတ်တဲ့ ရိုက်ကူးမှူမျိုးကိုတော့မပြုလု်ပနို်ငပါဘူး။ ဒီအတွက်ဆိုရင် တော့ မိတ်ဆွေ
Micro Lens ဝယ်ရမှာပါ။ Macro Mode နဲ့ ရိုက်ကူးရာမှာ သေးငယ်တဲ့အရာလေးတွေကို ရိုက်တာဖြစ်တဲ့အတွက်
DOF ( Depth of Field ) ပုံရိပ်ပြတ်သားမူဧရိယာ အလွန်ကျဉ်းပါတယ်။ ဒါကြောင့် အလင်းရောင်ကောင်းစွာလုံလောက်ဖို့လိုသလို
ဖြစ်နိုင်ရင် Tripod ကိုသုံးသင့်ပါတယ်။ Focus ဖြတ်ရာမှာလဲ DOF ကျဉ်းလွန်းတဲ့အတွက်အမှားအယွင်းဖြစ်နိုင်ချေ
အလွန်များပါတယ်။ စိတ်ရှည်သည်းခံဖို့လိုတယ်ပေါ့ဗျာ။
၄။ Landscape Mode ( ရှုမျှော်ခင်းပုံများရိုက်ကူးခြင်း)
Landscape
Mode မှာတော့ ပုံရိပ်မြင်ကွင်းတစ်ခုလုံး ကြည်လင်စေရန်အတွက် Camera က သေးငယ်တဲ့
Aperture ( f/ နံပါတ်အကြီး)ကိုသုံးပါတယ်။ Camera မှာမြင်ကွင်းကျယ် မှန်ဘီလူး တပ်ထားပြီး
အလင်းရောင် လုံလောက်ကောင်းမွန်တဲ့အခြေအနေမျိုးမှာ Landscape Mode ဟာ ကောင်းမွန်တဲ့
ပုံရိပ်တွေကိုဖန်တီးပေးနိုင်ပါတယ်။ မိတ်ဆွေရဲ့ပုံမှာ Foreground ဟာ အလင်းရောင် မလုံလောက်ဘူးလို့
ကင်မရာကယူဆရင် Flash ကိုပွင့်စေပါလိမ့်မယ်။ မိတ်ဆွေအနေနဲ့ အဲဒါကိုမလိုချင်ရင်လဲ ကိုယ့်ဟာကို
Flash ကို Off ထားလို့ရပါတယ်။
၅။ Sports Mode ( လှုပ်ရှားမူပုံရိပ်များကို ရိုက်ကူးခြင်း)
Sports
Mode မှာတော့ လှုပ်ရှားနေတဲ့ပုံရိပ်တွေကို အမိအရဖမ်းယူနိုင်ဖို့ ကင်မရာက Shutter
Speed ကို 1/500 – 1/1000 စသည်ဖြင့်အမြန်ထားပါလိမ့်မယ်။
ဒါမှလဲ လှုပ်းရှာနေတဲ့ ပုံရိပ်ကိုပြတ်သားစေမှာပါ။ Shutter အမြန်နဲ့ရိုက်ကူတာမို့လို့
မျာသောအာ်းဖြင့် Flash ကိုမပွင့်စေပါဘူး။ Sports Mode ကို နေသာတဲ့နေံမျိုးမှာအသုံးပြုရိုက်ကူးသင့်ပါတယ်။
လှုပ်ရှားမှုပုံရိပ်တစ်ခုစီတိုင်းကို တစ်ကွက်ခြင်းအမိအရရိုက်ကူးပြီး လှုပ်ရှားမှု
Action ကို ရိုက်ကူးချင်တဲ့အခါမျိုးမှာ Continuous Shooting လို့ခေါ်တဲ့ ဆက်တိုက်ရိုက်ကူးခြင်းမှာလဲ
ဒီ Sports Mode ကိုအသုံးပြုနိုင်ပါတယ်။
၆။ Night Portrait Mode ( ညဖက်တွင် Subject အသားပေးပုံ ရိုက်ကူးခြင်း)
Night
Portrait Mode မှာတော့ ကင်မရာဟာBackground ရဲ့ အမှောင်နဲ့ Foreground မှာရှိတဲ့
Subject အတွက်လိုအပ်မယ့်အလင်းရောင်ကို Balance ဖြစ်အောင်ချိန်ပေးပါတယ်။ Background
ကိုတတ်နိုင်သမျှ အလင်းရောင်ရှိအောင်နဲ့ Subject Focus ပြတ်နိုင်အောင် ကင်မရာက
Aperture အကျယ်ကိုသုံးပါတယ်( f နံပါတ်အနည်း)။ တပြိုင်နက်တဲမှာပဲ Subject မဝါးအောင်
Flash ကိုလဲ ပွင့်စေပါတယ်။ တစ်ခါတစ်ရံ Flash ကို နှစ်ကြိမ် ပွင့်ပေးတာမျိုးလဲရှိတတ်ပါတယ်။
Camera တွေမှာ အထက်ဖေါ်ပြပါ Camera Mode တွေကိုများသောအားဖြင့် သက်ဆိုင်ရာပုံလေးတွေနဲ့
တွဲဖက်ဖေါ်ပြထားတတ်ပြီး အသုံးပြုရတာ အလွန်ရိုးရှင်းလွယ်ကူပါတယ်။ ကိုယ်ရိုက်ချင်တဲ့
Mode နေရာလေးကို ရွှေ့ထားပြီးရိုက်ရုံပါပဲ။ ကင်မရာက အားလုံးသူဟာသူ အလုပ်လုပ်ပါတယ်။
ကိုယ်လိုချင်တဲ့ Composition ကိုသေချာချိန်ရွယ်ပြီး Focus ပြတ်အောင် ဖြတ်ရုံကလွဲလို့
လူကထွေထွေထူးထူး လုပ်စရာဘာမှမရှိပါဘူး။
၇။ Advance Camera Mode ( အဆင့်မြင့် ကင်မရာModeများ)
DSLR
ကင်မရာတွေမှာအထက်ဖေါ်ပြပါ Camera Mode များအပြင် စာလုံးလေးတွေနဲ့ကိုယ်စားပြုဖေါ် ပြထားတဲ့
အဆင့်မြင့် Camera Mode တွေလဲရှိပါသေးတယ်။ M, A or AV ( Nikon မှာ A လို့သုံးပြီး
Canon မှာ Av လို့သုံးပါတယ်), S or Tv ( Nikon မှာ S လို့သုံးပြီး Canon မှာ Tv လို့သုံးပါတယ်),
p စတာတွေပဲဖြစ်ပါတယ်။ တစ်ခုခြင်းစီရဲ့ အသုံးပြုပုံကို အခြေခံအားဖြင့် လေ့လာကြည့်ရအောင်။
M
= Manual Mode
M
လို့ဖေါ်ပြထားတဲ့ Manual Mode မှာတော့ ရိုက်ကူးမယ့် Photographer က Camera Seting တစ်ခုခြင်းစီကို
ကိုယ်လိုသလို ထိန်းချုပ်ကိုင်တွယ်ရိုက်ကူးရမှာပါ။
A
or Av = Aperture Priority Mode
A
or Av လို့ဖေါ်ပြထားတဲ့ Aperture Priority မှာတော့ လူက Aperture ကိုလိုသလို ထားရမှာဖြစ်ပြီး
ကိုယ်ထားတဲ့ Aperture နဲ့ ကိုက်ညီမယ့် Shutter Speed ကို ကင်မရာက Auto ချိန်ညှိပေးမှာဖြစ်ပါတယ်။
S
or Tv = Shutter Speed Priority Mode
S
or Tv လို့ဖေါ်ပြထားတဲ့ Shutter Speed Priority Mode မှာတော့ လူက Shutter Speed ကို
လိုသလိုထားရမှာဖြစ်ပြီး Camera က သူနဲ့ကိုက်ညီမယ့် Aperture ကို Auto ချိန်ညှိပေးမှာဖြစ်ပါတယ်။
P
= Program Mode
P
လို့ဖေါ်ပြထားတဲ့ Program Mode မှာတော့ လိုအပ်တဲ့ Aperture နဲ့ Shutter Speed ကို
Auto Mode မှာလိုပဲ Camera က Auto ချိန်ညှိပေးပါတယ်။ ဒါပေမယ့် ကျန်တဲ့ အခြားSetting
တွေကို လူက လိုသလို ချိန်ညှိရိုက်ကူးနိုင်ပါတယ်။
တစ်ချို့တွေက
အလွယ်ပဲ Camera က Auto ဆောင်ရွက်ပေးတဲ့ Mode တွေကိုပဲသုံးချင်ကြပါတယ်။ လူကကြိုတင်စဉ်းစားပြီး
Setting ချရတဲ့ Camera Setting တွေကို မသုံးချင်ဘူးပေါ့။ အခြေအနေ တော်တော်များများမှာ
တော့အဆင်ပြေနိုင်ပေမယ့် ဓါတ်ပုံတစ်ပုံကို ကိုယ့်စိတ်တိုင်းကျ ဖန်းတီးချင်တဲ့ အခါမျိုးမှာတော့
Camera ရဲ့ Auto ချိန်ညှိပေးတဲ့ Setting တွေက အဆင်မပြေနိုင်တော့ပါဘူး။ ပြီးတော့ သိထားသင့်တာက
လူကဆောင်ရွက်ရတဲ့ Camera Setting တွေကို လေ့လာကျွမ်းဝင်လာခြင်းက မိတ်ဆွေ ကို
Photography အကြောင်းပိုမိုသိရှိလာစေမှာဖြစ်ပြီး မတူညီတဲ့ အခြေအနေအမျိူးမျိုးမှာ မတူညီတဲ့
Setting အမျိုးမျိုးကို ချိန်ညှိပြီး ရသမြောက်တဲ့ပုံရိပ်တွေကိုဖန်တီးလာနိုင်စေမှာဖြစ်ပါတယ်။
အခုဒီ
Note လေးရဲ့ နိဂုံးချုပ်အနေနဲ့ အကြံပေးချင်တာလေးကတော့ အရင်းဆုံး Auto Mode မှာထားပြီး
ရိုက်ကူးပါ။ ပြီးရင်ချက်ခြင်း ( Lighting အခြေအနေပြောင်းသွားမှာစိုးလို့ချက်ခြင်းလို့ပြောတာပါ)
ပုံကိုပြန်စစ်ကြည့်လိုက်ပါ။ Camera ကအဲဒီပုံအတွက် ဘာSetting တွေသုံးထားလဲ မှတ်ထားပါ။
(Camera Review မှာပုံရဲ့ Setting အားလုံးပြန်ကြည့်လို့ရပါတယ်) ပြီးရင် Camera ကို
M ( Manual Mode ) မှာထားပြီး ခုနကမှတ်ထားတဲ့ Camera Setting တွေလိုက်ထားပြီး တစ်ခါပြန်ရိုက်ကြည့်ပါ။
ပုံကိုပြန်ကြည့်ပါ။ ကိုယ်ထားထားတဲ့ Setting ကို အနည်းငယ်စီ အတိုးအလျှော့ လုပ်ပြီး စမ်းသပ်ရိုက်ကူးကြည့်ပါ။
တစ်ဖြည်းဖြည်းနဲ့ Camera Setting တွေ အလုပ်လုပ်ပုံတွေကို နားလည် လာပါလိမ့်မယ်။
ယခု Note သည် Attila Kun ၏
Understanding DSLR Camera Shooting modes Note မှ ထုတ်နှုတ် ဖေါ်ပြထားခြင်းသာ ဖြစ်ပြီး
တစ်စုံတစ်ရာ အမှားအယွင်းပါခဲ့ပါက ကျွန်တော်၏ အားနည်းချက်ကြောင့်သာဖြစ်ပါကြောင်း။
အားလုံးအဆင်ပြေကြပါစေ ...
Khin Maung Chin (Kalaw)
No comments:
Post a Comment